*ကျွန်ုပ်တို့နှင့်အတူ ပါဝင်ပါ! သင့်ဓာတ်ပုံများနှင့် ဆေးရောင်ခြယ်ဖန်တီးမှုများကို ယနေ့ပင် တင်သွင်းလိုက်ပါ။*
Key Visual

ကမ်ပိန်းအကြောင်း

Consortium of Institutes on Family in the Asian Region (CIFA) မှ စီစဉ်ကျင်းပသော Family We-time ကမ်ပိန်း ၂၀၂၅ ကို Jockey Club SMART Family-Link Project မှ စပွန်ဆာပေးပြီး The Hong Kong Jockey Club Charities Trust မှ ကနဦးမတည်၍ ရန်ပုံငွေထောက်ပံ့ပေးပါသည်။
ကျွန်ုပ်တို့သည် ယခုနှစ်ကမ်ပိန်းတွင် တီထွင်ဖန်တီးမှုအားကောင်းသော ပြသမှုများမှတဆင့် မိသားစုများကို ပေါင်းစည်းပေးရန် စိတ်လှုပ်ရှားမိပါသည်။ ကုလသမဂ္ဂမှ ပြဋ္ဌာန်းထားသည့် မဟာခေတ်ရေစီးကြောင်းကြီးနှစ်ခု - နည်းပညာအသစ်များ နှင့် မြို့ပြတည်ထောင်မှုနှင့် ရွေ့ပြောင်းနေထိုင်မှုများ (အခြားအရာများဖြစ်သော ရာသီဥတုပြောင်းလဲမှုနှင့် လူဦးရေဆိုင်ရာ အပြောင်းအလဲများ) ပေါ်တွင် အဓိကအာရုံထားပြုလုပ်သော မိသားစု ဓာတ်ပုံများ သို့မဟုတ် ဆေးရောင်ခြယ်လက်ရာများ ကို တင်သွင်းရန် ပါဝင်သူများအား ဖိတ်ခေါ်ပါသည်။
ကမ်ပိန်းသည် မိသားစုများ ချမ်းသာသုခရရှိရေး၏ စိန်ခေါ်မှုများကို အပြုသဘောဖြင့် ရင်ဆိုင်၍ ကိုင်တွယ်ဖြေရှင်းရန် မိသားစုများအား တွန်းအားပေးခြင်းဖြင့် ဤမဟာခေတ်ရေစီးကြောင်းကြီးနှစ်ခုအကြောင်း အသိပညာမြှင့်တင်ရန် ရည်ရွယ်ပါသည်။ အပြင်အဆင်ပုံစံများတွင် နည်းပညာသစ်ကို ထိရောက်စွာအသုံးပြုခြင်း၊ လူမှုဆိုင်ရာပါဝင်ခြင်းနှင့် လူမှုကွန်ရက်များ တည်ဆောက်ခြင်းတို့ ပါဝင်သည်။ ရွေးချယ်ထားသော လက်ရာများကို Family We-time အွန်လိုင်းပြခန်းရှိ တီထွင်ဖန်တီးမှုလက်ရာများစုစည်းမှုတစ်ခုတွင် ပြသထားပါမည်။ ပါဝင်သူများသည် တင်သွင်းပြီးနောက် အသိအမှတ်ပြုမှုအတွက် အီလက်ထရောနစ်-ဆာတီဖီကိတ်တစ်ခု ရရှိမည်ဖြစ်ပါသည်။

တင်သွင်းခြင်းအကြောင်း သတင်းအချက်အလက်

အဓိကသတင်းအချက်အလက်

အရည်အချင်းပြည့်မီမှု သတ်မှတ်ချက်

  • မျိုးဆက် ၂ ခုနှင့်အထက် မိသားစု-အခြေပြု
  • အာရှဒေသရှိ မိသားစုများကို ပါဝင်ရန် ဖိတ်ခေါ်ပါသည်
  • လူတစ်ဦးလျှင် လက်ရာ ၅ မျိုး တင်သွင်းနိုင်သည်

တင်သွင်းရမည့် နောက်ဆုံးရက်

  • ၁၄ စက်တင်ဘာ ၂၀၂၅၊ တနင်္ဂနွေ

တင်သွင်းခြင်းအမျိုးအစားများ

  • မိသားစုဓာတ်ပုံများ နှင့်/ သို့မဟုတ် ဆေးရောင်ခြယ်လက်ရာများ

မှတ်ပုံတင်ကြေး

  • အခမဲ့

ပါဝင်နိုင်ပုံအကြောင်း

ဆေးရောင်ခြယ်ခြင်းအတွက် -
  1. ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်မှ သတ်မှတ်ထားသည့် ဆေးရောင်ခြယ်စာရွက်ကို ရွေးချယ်၍ ဒေါင်းလုဒ်ဆွဲပြီး A4-အရွယ်အစား စာရွက် (297 x 210 mm) ဖြင့် ပရင့်ထုတ်ပါ။
  2. သင်သည် မည်သည့်ဆေးရောင်ခြယ်ကိရိယာ သို့မဟုတ် ပန်းချီဆွဲတံကိုမဆို အသုံးပြုနိုင်သည်။ စတစ်ကာများ၊ ပြောင်လက်လက်အဆင်တန်ဆာများ၊ အလှသုံးရောင်စုံစက္ကူများ စသည့် ကွန်ပြူတာဖြင့်ဆေးရောင်ခြယ်ခြင်း သို့မဟုတ် သုံးဘက်မြင်ပုံစံပြုလုပ်ခြင်းတို့ကို ခွင့်မပြုပါ။
  3. သင်သည် နည်းပညာအသစ်များ သို့မဟုတ် မြို့ပြတည်ထောင်ခြင်းနှင့် ရွေ့ပြောင်းနေထိုင်မှုတို့၏ အပြင်အဆင်ပုံစံများကို ထင်ဟပ်စေခြင်းအတွက် သတ်မှတ်ထားသော ဆေးရောင်ခြယ်စာရွက်ပေါ်တွင် ဒီဇိုင်းများ ထပ်ပေါင်းထည့်နိုင်သည်။
ဓာတ်ပုံရိုက်ခြင်းအတွက် -
  1. လက်ရာများသည် မူရင်းဒစ်ဂျစ်တယ်ဓာတ်ပုံများ ဖြစ်ရမည်။ ထပ်ပေါင်းခြင်း၊ ဖျက်ခြင်း သို့မဟုတ် အရောင်များ သိသိသာသာပြောင်းလဲထားခြင်းတို့ အပါအဝင် ကွန်ပြူတာဖြင့် ပြန်လည်ပြင်ဆင်မွန်းမံခြင်းများကို လက်ခံလိမ့်မည်မဟုတ်ပါ။
  2. ဓာတ်ပုံများသည် နည်းပညာအသစ်များ သို့မဟုတ် မြို့ပြတည်ထောင်ခြင်းနှင့် ရွေ့ပြောင်းနေထိုင်မှုတို့၏ အပြင်အဆင်ပုံစံများနှင့် ကိုက်ညီမှုရှိရမည်။
တင်သွင်းခြင်း လမ်းညွှန်ချက်များ
  1. မှတ်ပုံတင်ပြီးနောက် သင့်မူရင်းဒစ်ဂျစ်တယ်ဓာတ်ပုံများ သို့မဟုတ် ဆေးရောင်ခြယ်လက်ရာများကို ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်မှတဆင့် JPEG ၊ JPG သို့မဟုတ် PNG ဖော်မတ်ပုံစံဖြင့် တင်သွင်းပါ။
  2. အများဆုံးတင်သွင်းနိုင်သည့်အရေအတွက်မှာ လက်ရာ ၅ မျိုး ဖြစ်ပါသည်။ တင်သွင်းရန် အက်ပ်လုဒ်လုပ်သော ဓာတ်ပုံ သို့မဟုတ် ဆေးရောင်ခြယ်လက်ရာအသီးသီးအတွက် အကြီးဆုံးဖိုင်အရွယ်အစားမှာ 10 MB ဖြစ်ပါသည်။

စည်းမျဉ်းစည်းကမ်းများနှင့် သတ်မှတ်ချက်များ

  1. လက်ရာအားလုံးကို "Family We-time" အွန်လိုင်းမှတ်ပုံတင်ပေါ်တယ်တွင် တင်သွင်းရပါမည်။ JPEG ၊ JPG သို့မဟုတ် PNG အီလက်ထရောနစ်ဖိုင်ဖော်မတ်ပုံစံများကိုသာ လက်ခံပါမည်။ တင်သွင်းပြီးသည်နှင့်တပြိုင်နက် ၎င်းကို ပြင်ဆင်၊ လဲလှယ် သို့မဟုတ် ပြန်လည်ရယူ၍ မရနိုင်ပါ။ တင်သွင်းထားသောလက်ရာများသည် အခြားမည်သည့်ပြိုင်ပွဲ သို့မဟုတ် ပွဲအစီအစဉ်များတွင်ဖြစ်စေ ပါဝင်ထားပြီးသား မဖြစ်ရပါ။
  2. တင်သွားထားသောလက်ရာများသည် မူရင်းများ ဖြစ်ရပါမည်၊ ဉာဏပစ္စည်းမူပိုင်ခွင့်၊ လျှို့ဝှက်ပိုင်ခွင့် သို့မဟုတ် ကိုယ်ရေးကိုယ်တာထိန်းသိမ်းခွင့်တို့ အပါအဝင် တတိယပါတီများ၏ လုပ်ပိုင်ခွင့်များကို မထိပါးစေရပါ။ စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်သူကို ပါဝင်ယှဉ်ပြိုင်ခြင်းမှ ထုတ်ပယ်မည်ဖြစ်သည်။
  3. တင်သွင်းထားသောလက်ရာများသည် ဥပဒေနှင့်ဆန့်ကျင်ပါက တရားရေးဆိုင်ရာတာဝန်အားလုံးကို ပါဝင်သူမှ တာဝန်ယူရမည်ဖြစ်ပြီး ပွဲစီစဉ်သူတွင် တာဝန်ရှိမည်မဟုတ်ပါ။
  4. ပါဝင်သူများသည် တင်သွင်းထားသော လက်ရာများတွင် လိင်မှုဆိုင်ရာညစ်ညမ်းသော၊ အကြမ်းဖက်သော၊ အပျက်သဘောဆောင်သော စာများ သို့မဟုတ် စီးပွားရေး၊ ဘာသာရေး သို့မဟုတ် နိုင်ငံရေးဆိုင်ရာ ဝါဒဖြန့်ချိရေးအပိုင်းများ မပါဝင်ကြောင်းနှင့် အသရေဖျက်ယုတ်ညံ့ပုတ်ခတ်သည့် လူမျိုးရေးဆိုင်ရာ နားလည်မှုလွဲမှားစေခြင်း သို့မဟုတ် ခွဲခြားဆက်ဆံခြင်းဆိုင်ရာ ကိစ္စရပ်များ ထည့်သွင်းမထားကြောင်း သေချာစေရန် လိုအပ်ပါသည်။
  5. ပါဝင်သူများအား လက်မှတ်များ၊ ဘောင်များနှင့် ရေစာအမှတ်များကဲ့သို့သော ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို ကိုယ်စားပြုသည့် စာသား၊ သင်္ကေတ သို့မဟုတ် ရုပ်ပုံများကို ပေါင်းထည့်ရန် ခွင့်မပြုပါ။
  6. တင်သွင်းထားသော လက်ရာအားလုံး၏ မူပိုင်ခွင့်ကို ပွဲစီစဉ်သူမှ ပိုင်ဆိုင်ပါသည်။ ပွဲစီစဉ်သူသည် တင်သွင်းထားသော လက်ရာများကို ကြည့်ရှုစစ်ဆေးခွင့်နှင့် ၎င်းတို့ကို စီးပွားဖြစ်မဟုတ်သော ရည်ရွယ်ချက်များအတွက်သာ အသုံးပြုခွင့်တို့ကို ရရှိပါသည်၊ ၎င်းတို့တွင် ပါဝင်သူများ၏ ခွင့်ပြုချက်မယူဘဲ ထုတ်ဝေမှု၊ ပြပွဲနှင့် ပုံနှိပ်ခြင်းဆိုင်ရာ ရည်ရွယ်ချက်များနှင့် မူပိုင်ခွင့်အခကြေးငွေနှင့် တရားဝင်တာဝန်ယူမှုတို့အတွက် ပေးချေမှုတို့ ပါဝင်သော်လည်း ၎င်းတို့ချည်းသာလျှင်အဖြစ် ကန့်သတ်ထားခြင်းမဟုတ်ပါ။
  7. ပါဝင်သူများသည် ပွဲစီစဉ်သူ၏ ပွဲအတွက်ဆက်သွယ်ခြင်းနှင့် ပွဲအစီအစဉ်အချက်အလက် ဖြန့်ဝေခြင်းအတွက် ကိုယ်ရေးအချက်အလက်များကို ပေးပို့ရန် သဘောတူညီပါသည်။ ပွဲအပြီးတွင် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကို ဖျက်ပေးရန် တောင်းဆိုလိုပါကပွဲစီစဉ်သူထံ အီးမေးလ်ဖြင့် အကြောင်းကြားရပါမည်။
  8. တီထွင်ဖန်တီးမှုစုစည်းမှုအဖြစ် ရွေးချယ်ခံရသည့် လက်ရာများ၏ ရလဒ်များသည် ပွဲစီစဉ်သူ၏ ဆုံးဖြတ်ချက်အတိုင်းသာဖြစ်ပြီး ပါဝင်သူများအနေဖြင့် ကန့်ကွက်နိုင်မည်မဟုတ်ပါ။ ပွဲစီစဉ်သူ၏ ဆုံးဖြတ်ချက်သည်သာလျှင် အတည်ဖြစ်ပါသည်။
  9. ပါဝင်သူများသည် ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းစွာ နားလည်ထားရမည်ဖြစ်ပြီး လက်ရာများတင်သွင်းခြင်းသည် ဤပွဲ၏ စည်းမျဉ်းစည်းကမ်းများနှင့် သတ်မှတ်ချက်များအားလုံးကို လက်ခံပြီး လိုက်နာရန် သဘောတူညီထားပြီးဖြစ်သည်ဟု ဆိုလိုပါသည်။ ပါဝင်သူများသည် ဖြစ်နိုင်ချေအန္တရာယ်အားလုံးကို တာဝန်ယူရမည်ဖြစ်ပြီး ၎င်းတို့၏ ကိုယ်ပိုင်လုံခြုံရေးအတွက် တာဝန်ရှိပါသည်။ ပွဲစီစဉ်သူသည် ဤကိစ္စနှင့်ဆက်စပ်၍ သို့မဟုတ် ဤပွဲအတွင်း အခြားတစ်နည်းနည်းဖြင့် ပေါ်ပေါက်လာသည့် တစ်စုံတစ်ရာဆုံးရှုံးမှု သို့မဟုတ် ပျက်စီးမှုများအတွက် တာဝန်ရှိမည်မဟုတ်ပါ။
  10. ပွဲစီစဉ်သူသည် ဤစည်းမျဉ်းစည်းကမ်းများနှင့် သတ်မှတ်ချက်များ၏ နောက်ဆုံးအပြီးသတ် အဓိပ္ပါယ်သတ်မှတ်ခွင့်နှင့် ပြန်လည်ပြင်ဆင်ခွင့်တို့ကို လက်ဝယ်ရရှိပါသည်။